Mar 31, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 31, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွား ကားလမ်းမကြီးပေါ်တွင် အဓိကအချက်အချာကျသည့် ဝင်းဝတံတား၌ တံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ Drone များအသုံးပြု၍ သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတံတားနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ယာယီစိုးမိုးကာ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့ခဲ့သည်။
Mar 31, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားသုံးဦးတို့အား ယနေ့တွင် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသားတစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
Mar 31, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၇ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 31, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် (၁၀)နာရီအချိန်က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၁၅၇) ဦးရှိသည့်အနက် (၁၅၅) ဦး တက်ရောက်သည်။
Mar 31, 2026
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတရွေးချယ်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Mar 31, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 31, 2026
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Mar 31, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၇ ဦး၊ ကင်ညာနိုင်ငံသား တစ်ဦးနှင့် ရဝမ်ဒါနိုင်ငံသားတစ်ဦး စုစုပေါင်းပြည်ပနိုင်ငံသား ၆၅ ဦး တို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Mar 31, 2026
ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီး မြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများက တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center သို့နေ့စဉ် နံနက် (၆) နာရီမှ ည (၁၀) နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြား ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 31, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီး မစ္စတာ မူတာ့ဇ်အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2026
မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် Unity In Action အခမ်းအနားကို မတ် ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပသည်။
Mar 31, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိသည်။
Mar 31, 2026
ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Mar 31, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
Mar 31, 2026
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့် ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။
Mar 31, 2026
၂၀၂၆ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 31, 2026
အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 31, 2026
မြန်မာသံတမန်သင်တန်းကျောင်း သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။
Mar 31, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Mr. Barnaby Jones သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
